ထိုင်းရဲတပ်ဖွဲ့တွင်း ခေတ်မမီတော့သည့် လက်နက်များအစား သေနတ်သစ်များ အသုံးပြုသွားမည် (ရုပ်သံ)

ထိုင်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ခေတ်မမီတော့တဲ့ လက်နက်တွေအစား သေနတ်သစ်တွေနဲ့ အစားထိုး အဆင့်မြှင့်တင် အသုံးပြုသွားမှာဖြစ်တယ်လို့ ထိုင်းသတင်းအေဂျင်စီ သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒါဟာ နောက်ဆုံးအဆင့်မြှင့်တင်ခဲ့ချိန်ကစ နှစ်ပေါင်း ၇၀ နီးပါးအကြာမှာ နောက်တကြိမ် အဆင့်မြှင့်တင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ ခြောက်လုံးပြူးသေနတ်တွေကိုသာ ကိုင်ဆောင်အသုံးပြုခဲ့ကြတာဖြစ်ပြီး ခုချိန်မှာတော့ ပွိုင့် ၃၈ သေနတ်တွေနဲ့ အစားထိုး အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ခေတ်မီရဲတပ်ဖွဲ့ ဖြစ်လာစေရေးအတွက် တစိတ်တပိုင်း အကောင်အထည်ဖော်မှုတခု ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရသူ ဒက်ခ်ျ နာရွန်က ပြောပါတယ်။ အဲဒီ ခေတ်မီလက်နက်တွေနဲ့အတူ ရေဒီယိုဆက်သွယ်ရေး ကိရိယာတွေ၊ ကျည်ကာဂျက်ကက်တွေနဲ့ တခြားအသုံးအဆောင်တွေဟာ လူဆိုးတွေနဲ့ လက်တွေ့ရင်ဆိုင်ရချိန်မှာ ပိုမိုအကျိုးရှိစေနိုင်လိမ့်မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up