Homeသတင်းဓာတ်ပုံ
ဗိုလ်ချုပ်မွေးနေ့ပွဲကို ပြည်မြို့ရှိ တက္ကသိုလ်များတွင် ပထမဆုံးအကြိမ်ပြုလုပ် (သတင်းဓာတ်ပုံ)
ဗိုလ်ချုပ်မွေးနေ့ပွဲကို ပြည်မြို့ရှိ တက္ကသိုလ်များတွင် ပထမဆုံးအကြိမ်ပြုလုပ် (သတင်းဓာတ်ပုံ)
မင်းညို
·
February 13, 2017
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ပွဲတွေကို ပြည်မြို့က ပြည်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျင်းပပါတယ်။
“ကျောင်းမှာ တခါမှ အခုလိုကျင်းပခွင့်မရခဲ့ပါဘူး။ အစိုးရပြောင်းလဲသွားလို့ ထင်ပါတယ်။ အခုနှစ်ကို ကျောင်းကပါ ကူညီပေးပါတယ်”လို့ ပွဲစီစဉ်တဲ့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမြတ်မင်းထက် က ရှင်းပြပါတယ်။
“တနိုင်ငံလုံးဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်တံ့ပေးဖို့ တောင်းဆိုချင်ပါတယ်။ တမျိုးသားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ရှေ့ရှုဆောင်ရွက်ပေးဖို့ ဒီနေရာကနေ တောင်းဆိုချင် ပါတယ်”လို့ တတိယနှစ် ပထ၀ီကျောင်းသူ မသဲစုမွန်က ပြောပါတယ်။
အခမ်းအနားမှာ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုခဲ့ကြပြီး တက်ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေက ဗိုလ်ချုပ်အတွက် ဂုဏ်ပြု ကဗျာရွတ်၊ သံချပ်ရွတ်ပွဲ တွေနဲ့အတူ အမှတ်တရ စာတွေ ရေးသားကြပါတယ်။