Home
မြန်မာသတင်း
ကလေးသူငယ်များကို နိုင်ငံ့သမိုင်းဝင်နေ့များ သိရှိရန် ရည်ရွယ်ပြီး ပန်းချီပြပွဲ ကျင်းပ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 13, 2017
နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ကလေးသူငယ်တွေ နိုင်ငံရဲ့ သမိုင်းဝင်နေ့တွေ သိရှိစေဖို့ ရည်ရွယ်ပြီး ကာတွန်းပြပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ “ကလေးသူငယ်တွေကို စာပေနဲ့ ရင်းနှီးစေချင်တာရယ်။ ကာတွန်းရုပ်လေးတွေမှာ ရေးထားတဲ့ စာလေးတွေကို ဘာရေးထားတာလဲ ဆိုတာကို သိချင်ရင် စာဖတ်ချင်စိတ် ဖြစ်လာမယ်။ နောက်တခါါ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထင်ကရဖြစ်တဲ့ နေ့ရက်တွေကို အဲဒါတွေကို သိစေချင်တယ်။ ကလေးတွေက သမိုင်းကို ပျောက်လာတာ တော်တော်ကြာသွားပြီး ဒါလေးတွေကို သိစေချင်လို့ ရည်ရွယ်ပြီး လုပ်ဖြစ်သွားတာပါ” လို့ ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဗညားကျော်ကျော်က ပြောပါတယ်။ ပြပွဲဖြစ်မြောက်ဖို့အတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ခွင့်ပြုချက်ထောင်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ စတင်ပြီး ၁၃ ရက်နေ့ ညပိုင်းအထိ ပြသသွားမှာဖြစ်ပါတယ်။ အဲဒီ ကာတွန်းပြပွဲကို ပျဉ်းမနားမြို့၊ မင်္ဂလာကန်တော်ရှိ ဗိုလ်ချုပ်ကြေးရုပ်တု ဘေးပတ်လည်မှာ ပြသထားပြီး ခေတ်စနစ်နဲ့အညီ ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၃၀၀ ကျော် ပြသထားတာကို တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024