ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း ရှာရာပိုဗာ မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် ကစားရန် ဖိတ်ကြားခံရ

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း မာရီရာ ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် တင်းနစ်ကစားခွင့် ပိတ်ခံထားရတဲ့ရက် ကုန်ဆုံးပြီး ၂ ပတ်အကြာ မက်ဒရစ်အိုးပင်းမှာ ကစားဖို့ ဖိတ်ကြားခံရပါတယ်။ လက်ရှိအချိန်မှာတော့ ရှာရာပိုဗာဟာ တားမြစ်ဆေးသုံးစွဲတာကြောင့် ၁၅ လ ပိတ်ပင်ခံထားရပြီး သူ့အနေနဲ့ ဧပြီ ၂၆ ရက်နေ့မှာ ပြစ်ဒဏ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ရှာရပိုဗာကို တားမြစ်ဆေးသုံးစွဲမှုနဲ့ ကစားခွင့် ၂ နှစ် ပိတ်ပင်ခဲ့ပေမယ့် အားကစားခုံသမာဓိ တရားရုံးက ပြီးခဲ့တဲ့ အောက်တိုဘာလက ၉ လ လျှော့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဂရင်းဆလင်း ချန်ပီယံဆု ၅ ကြိမ် ရရှိခဲ့တဲ့ ရှာရပိုဗာဟာ မက်ဒရစ်အိုးပင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံရအပြီးမှာတော့ သူ့ရဲ့ လှပတဲ့ခန္ဓာကိုယ်ကို ပြသထားတဲ့ အားကစားလေ့ကျင့်တဲ့ ဗွီဒီယိုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up