အနာဂတ်နှင့် ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း မန်ယူတိုက်စစ်မှူး မိုဗစ်ခ်ျ ပြော

ဓာတ်ပုံ - ရိုက်တာ
မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ျက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ နွေရာသီမှာ ၁ နှစ်စာချုပ်နဲ့ ရောက်ရှိလာပြီး ဂိုးပေါင်း ၂၀ သွင်းယူထားပါတယ်။ တိုက်စစ်မှူးကတော့ စာချုပ်သက်တမ်းကို တိုးချင်ကြောင်း ပြောထားပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုကတော့ မိုဗစ်ခ်ျအနေနဲ့ မန်ယူမှာ နောက်ထပ် ၁ ရာသီ ဆက်ပြီး နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကတော့ အနာဂတ်နဲ့ပတ်သက်လို့ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်ရာသီထဲ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်နေပြီး အက်ဖ်အေဖလားမှာတော့ ပဉ္စမအဆင့်ကို ရောက်နေပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း မန်ယူအသင်းဟာ ရှုံးထွက်အဆင့်ကို ရောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up