ကချင်နှင့် ရှမ်းမြောက် တိုက်ခိုက်မှုအတွင်း အရပ်သား ၃၈ ဦး သေဆုံး
DVB
·
February 12, 2017
ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက တိုက်ခိုက်မှုများအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး၊ ၁၃၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၁ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၂၆ ဦး၊ ပြည်သူပိုင် အဆောက်အဦ ၁၇ လုံး၊ ယာဉ်မျိုးစုံ ၁၄ စီး၊ ဘက်ဟိုး ၅ စီး၊ တာယာမျိုးစုံ အလုံး၂၀၀ နဲ့ တံတားတစ်စင်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ကချင်နဲ့ ရှမ်းမြောက်ဒေသမှာ နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ အေအေနဲ့ တီအန်အယ်လ်အေ ၄ ဖွဲ့ပေါင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ဒီနေ့ထိလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။