Home
မြန်မာသတင်း
ဟုမ္မလင်းတွင် မျိုးသုဉ်းပြီဟု ယူဆထားသည့် အင်းကျား တကောင် ဖမ်းမိ
DVB
·
February 12, 2017
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲမှာ မျိုးသုဉ်းပြီလို့ ယူထားတဲ့ အင်းကျား တကောင်ဖမ်းမိပြီး ပညာရှင်တွေ ဆက်လက်လေ့လာနိုင်ဖို့ မန္တလေး၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်လိုက်ပါတယ်။ အခုလ ၁၀ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ နတ်နန်းအုပ်စု၊ ပင်းဖာဖာကျေးရွာသွားလမ်းပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရွားသားတွေက ၀ိုင်းဖမ်းခဲ့ကြတာလို့ တိုင်းအစိုးရအဖွဲ့က ဦးသန်းဌေးက ပြောပါတယ်။ “သူက နို့ မပြတ် တပြတ် အရွယ်လေး၊ မျက်စိလည်ပြီး နယ်ကျော်လာတော့ ခွေးတွေက ၀ိုင်းပြီး အုံတာ၊ လူတွေလည်း အုံပြီးတော့မှ ရွာသား ၅ ယောက်က ကြိုးကွင်းနဲ့ ပစ်ပြီးတော့ ဖမ်းတာ။” စစ်ကိုင်းတိုင်း၊ ထမံသီသစ်တောထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေ အဆိုအရ အင်းကျားဟာ မျိုးသုဉ်းသွားပြီလို့ ထင်ထားခဲ့ကြတာဖြစ်ပြီး အခု အင်းကျားအငယ်တကောင်တွေ့လိုက်လို့ ၀မ်းသာနေကြတယ်၊ ထမံသီသစ်တောနဲ့ ဆက်စပ်တောတွေမှာ အင်းကျား ကျက်စားနေလိမ့်ဦးမယ်လို့ ဆိုပါတယ်။ တိုင်းအစိုးရအစီအစဉ်နဲ့ မန္တလေးက ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပညာရှင်တွေက ဆက်လက်လေ့လာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Sagaing Regional lnformation Page
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024