Home
မြန်မာသတင်း
မြိတ်မြို့တွင် လင်မယားချင်း စကားများရာမှ ဓားခုတ်မှုဖြစ်ပွား
DVB
·
February 12, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု ဆလင်းကျေးရွာမှာ  ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီခွဲလောက်က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဓားခုတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ဆလင်းကျေးရွာနေ ဦးဝင်းမောင် ညနေပိုင်းမှာ အရက်သေစာ သောက်စားထားပြီး အိမ်ပြန် ရောက်ချိန်မှာ ဇနီးဖြစ်သူ မသီသီဆွေ နဲ့ စကားများ ရန်ဖြစ်ရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့တာလို့ မြိတ်မြို့မရဲစခန်းရုံးမှ မှုခင်းမှတ်တမ်းအရ သိရပါတယ်။ အရက်သေစာ မူးယစ်သောက်စားထားတဲ့ ဦးဝင်းမောင်ဟာ မသီသီဆွေအား နေအိမ်မှာ အသုံးပြုတဲ့ တောခုတ်ဓားမနဲ့ ခုတ်ခဲ့လို့ မသီသီဆွေမှာ ဦးခေါင်းထိပ် ပြတ်ရှ ဒဏ်ရာ (၁) ချက်၊ ဝဲ/ယာ လက်ပြင် ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့လို့ ရဲဆေးစာနဲ့အတူ မြိတ်ဆေးရုံကြီးကို ပို့ဆောင် ထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓားနဲ့ ခုတ်တဲ့ ဦးဝင်းမောင်အား အရေးယူပေးဖို့ မသီသီဆွေရဲ့ ညီမဖြစ်သူ မသူဇာနွယ်က တရားလို ပြုလုပ်တိုင်တန်းလို့ မြိတ်မြို့မရဲစခန်း(ပ) ၃၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှု ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024