လေပြင်းကြောင့် ထရပ်ကားကြီးက ရဲကားပေါ် ကြေက်မက်ဖွယ် ပိကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဝိုင်ရိုးမင်းပြည်နယ်ထဲမှာ လေပြင်းတိုက်ခိုက်လို့ အရှိန်နဲ့မောင်းလာတဲ့ ထရပ်ကားကြီးတစီး ရဲလှည့်ကင်းကားပေါ် ပိကျလာတာကို ကားဒဲရှ်ဘုတ်ကင်မရာက ရိုက်ကူးမိတာဖြစ်ပြီး ဒီရုပ်သံကို The Sun သတင်းမှာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ ထရပ်ကား ရဲကားပေါ် ပြုတ်ကျလာတဲ့အချိန် ကားထဲမှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။ ထရပ်ကားရဲ့ဒရိုင်ဘာနဲ့ ခရီးသည်တွေလည်း ထိခိုက်ဒဏ်ရာ မရဘူးလို့ သိရပါတယ်။ အခင်းမဖြစ်မီက ကားတိုက်မှုတခုမှာ ကားမောင်းသမားတွေကို ဝိုင်းရိုးမင်းပြည်နယ်က ရဲ ၃ ယောက်က ဂရုစိုက်ပေးနေရလို့ ရဲတွေက လှည့်ကင်းကားအပြင်ဘက်မှာ ရှိနေကြတာဖြစ်ပြီး ဘယ်သူမှ ဒဏ်ရာမရရှိဘူးလို့ သိရပါတယ်။ အခင်းဖြစ်ပွားခဲ့တာက အမေရိကန်နိုင်ငံ ဝိုင်ရိုးမင်းပြည်နယ် အဲလ်က်မောင်းတိန်းနားမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up