Home
မြန်မာသတင်း
ရေးမြို့နယ် အတုလရတနာ စေတီတော် စိန်ဖူးတော် တင်လှူပူဇော်
DVB
·
February 11, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ ကျက်သရေဆောင် အတုလရတနာစေတီ တော်စိန်ဖူးတော်တင်လှူပူဇော်ပွဲကို တပို့တွဲလပြည့်နေ့ နေ့လယ် ၁၂ နာရီ မင်္ဂလာအချိန်မှာ ဆရာတော်သံဃာတော်တွေအား အမှူးပြုပြီး စိန်ဖူးတော်နဲ့ အရန်စေတီထီးတော်တွေကို စေတီတော် လက်ယာရစ် သုံးပတ်လှည့် လည်ပူဇော်ခဲ့ပါတယ်။ ဘဒ္ဒန္တနန္ဒသာရ မဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်က ငါးပါး သီလချီးမြှင့်ပြီး ဆရာတော်သံဃာတော်တွေက ပရိတ်တရားတော်မတွေ မြွက်ကြားပေးပြီး   စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်တွေကို မင်္ဂလာပန်းရထားနဲ့ ရေးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နိုင်သီဟ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းနဲ့အတူ ဒါယိကာ၊ ဒါယိကာမ တို့က တင်လှူပူဇော်ခဲ့ကြပါတယ်။ အဆိုပါ အတုလရတနာစေတီတော်ရဲ့ ဉာဏ်တော်အမြင့်မှာ ၈၉ တောင် စိန်ဖူးတော်  ငှက်မြတ်နားတော်၊ စိန်၊ ရွှေ၊ ရတနာအလေးချိန် ၃ ပိဿာ ၁၁ ကျပ်သား ၆ ပဲ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ်က မွန်ဆရာတော်ကြီးများက ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတွေက လာရောက်ဖူးမျှော် ကြည်ညိုကြနေကြပြီး မွန်ပြည်နယ်ဇာတ်ပွဲ ၁ ပွဲ ၃ ည တိုင်တိုင် ဖျော်ဖြေတင်ဆက်နေတယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024