ရေစီးထဲ နစ်မြုပ်ခါနီး ကားအတွင်းမှ အမျိုးသားကို သက်စွန့်ကြိုးပမ်းကယ်တင် (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရက်စနိုမြို့မှာ ရေကြီးမှုတခု ဖြစ်ပွားခဲ့စဉ် အမျိုးသားတဦး ကားထဲမှာ ပိတ်မိနေလို့ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေက သက်စွန့်ကြိုးပမ်း ကယ်တင်ခဲ့ရကြောင်း အေဘီစီ အင်တာနက်သတင်းစာမျက်နှာပေါ်မှာ ဖေဖေါ်ဝါရီ ၁၀ ရက်က ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးတွေသာ မလာခဲ့ရင် ရေစီးမြန်နေတဲ့ ရေကြီးမှုအတွင်း ကားပေါ် ပိတ်မိနေတဲ့လူ အသက်မရှင်နိုင်ဘူးလို့လည်း ဆိုပါတယ်။ ဒီအမျိုးသားအား ကယ်တင်ခဲ့ပုံကို ဖရက်စနိုမြို့ရဲဌာနက ယူကျူ့ပေါ်တင်ထားလို့ ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ ကယ်ဆယ်ရေးသမားတစ်ဦးက ကားမှန်ကို အချိန်စက္ကန့်ပိုင်းအတွင်း အလွယ်တစ်ကူခွဲပြီး အသက်ကယ်အင်္ကျီ ဝတ်ဆင်စေကာ သိုင်းကြိုးနဲ့ ကားပေါ်ပိတ်မိနေတဲ့ လူကို ချည်နှောင်ပေးလိုက်ပါတယ်။ ကားပြူတင်းကနေတဆင့် ဆင်းဖို့ တိုက်တွန်းပေမယ့် ပိတ်မိနေတဲ့သူက ဆင်းဖို့ မဝံ့မရဲဖြစ်နေလို့ သိုင်းကြိုးကို နေရာပြောင်းချည်နှောင်ပေးခဲ့ရပါတယ်။ ကယ်ဆယ်နိုင်ဖို့ အချိန်အတန်ကြာနေကာ ရေစီးကလည်းမြန်နေလို့ စိုးရိမ်ထိတ်လန့်စရာမြင်ကွင်းအဖြစ် တွေ့မြင်ရပါတယ်။ ရုပ်သံရဲ့အောက်မှာ မှတ်ချက်ရေးတဲ့သူတွေကလည်း အမျိုးမျိုးရေးသားနေကြပြီး လင်ဒါရန်းဆိုတဲ့ အမျိုးသမီးကြီးက “ဒီလူက ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေရောက်နေရတာလဲ၊ ငါသိပြီ သူထင်နေတာက ဒီလောက်ရေစီးမြန်နေတဲ့အထဲမှာ သူကားမောင်းလို့ရမယ် ထင်နေတယ်၊ ကံကောင်းလို့ပေါ့ သူ့ကို ကယ်နိုင်လို့” လို့ ပြောပါတယ်။ ကင်ဘာလေဆိုတဲ့ အမျိုးသမီးကလည်း “ဘုရားသခင် ဒီရုပ်သံကိုကြည်ရတာ တချိန်လုံး အသက်တောင် မရှုနိုင်ဘူး၊ ဒီလိုကြောက်စရာဖြစ်နေတဲ့ အခြေအနေမှာ လူတွေကို ကယ်တင်တဲ့ အရာရှိတွေ မီးသတ်သမားတွေကို ဘုရားသခင် ကောင်းချီးပေးပါစေ” လို့ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up