ဝရမ်းပြေးစွပ်စွဲခံရသူ ၃ ဦး အသတ်ခံရမှုကြောင့် ဘရာဇီးတွင် ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

ဘာရိန်းနိုင်ငံ ဘီလဒ် အယ်လ် ကာဒင်းမ်မြို့မှာ ဝရမ်းပြေးလို့ စွပ်စွဲခံရတဲ့လူ ၃ ဦး အသတ်ခံရအပြီး လမ်းတွေပေါ် မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် ကြာသပတေးနေ့က ရောက်လာပါတယ်။ ဆန္ဒပြသူတွေက လမ်းတွေပေါ် ချီတက်နေပြီး လုံခြုံရေး ကားတွေ ဒေသတွင်းမှာ ရပ်ထားပါတယ်။ နောက်ပိုင်းမှာ မျက်ရည်ယို ဓာတ်ငွေ့ဘူးတွေနဲ့ ကားတွေကို ပြန်ပစ်ပေါက်ခဲ့ကြပါတယ်။ အရင်လက လူသေတဲ့ ထောင်ဖောက်မှုနဲ့ ပတ်သက်သူ လူများစုပါတဲ့ အုပ်စုဟာ ပင်လယ်ကို ဖြတ်ပြီး အီရန်နိုင်ငံဆီ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်၊ ဒါကြောင့် သေနတ်ပစ်ခတ်ဖမ်းဆီးမှုအတွင်း လူ ၃ ဦး သေပြီး ၇ ဦးကို ပြန်ဖမ်းမိခဲ့တယ်လို့ ဘာရိန်းအစိုးရက ကြာသပတေးနေ့က ပြောပါတယ်။ ရဲတွေရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ရုပ်သံတခုကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဲဒီ ရုပ်သံထဲမှာ မျက်နှာဖုံးစွပ် ဝတ်စုံနက်ဝတ် ကွန်မန်ဒိုတွေက ကျွန်းကနေ လှေငယ်တစီးနဲ့ ထွက်ပြေးတဲ့ လူတွေနဲ့ အပြန်အလှန် ပစ်ခတ်နေပုံကို ရိုက်ကူးထားပါတယ်။ ဘာရိန်းနိုင်ငံ ဂျော ထောင်မှာ ဇန်နဝါရီလက ရဲတယောက် အသတ်ခံရတဲ့ ထောင်ဖောက်မှု အတွင်း ထောင်သား အတော်များများ လွတ်မြောက်သွားပါတယ်။ အခု ထွက်ပြေးတဲ့အထဲမှာ ထောင်ဖောက်မှု အတွင်း တိုက်ခိုက်ခဲ့သူ အတော်များများ ပါတယ်လို့ ရဲချုပ် တာရစ် အယ်လ် ဟတ်ဆန်က သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောပါတယ်။ ထောင်နဲ့ချီတဲ့ ရှီးယိုက် မွတ်စလင် ဘာရိန်း နိုင်ငံသားတွေ ဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်မှုကနေ လုံခြုံရေး တပ်တွေကို လက်နက်ကိုင် တိုက်ခိုက်မှု အထိ စွဲချက် အမျိုးမျိုး နဲ့ ထောင်ချခံထားရပါတယ်။ ဘာရိန်းနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ မဟာမိတ်ဖြစ်ပြီး ဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံပါ။ အမေရိကန် တပ်မဟာ ၅ အခြေစိုက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘာရိန်းနိုင်ငံအတွင်း လက်နက်ကိုင် တိုက်ခိုက်မှုမှာ ပါတဲ့ စစ်သွေးကြွတွေကို အီရန်က ထောက်ပံ့ပြီး မတည်မငြိမ် ဖြစ်အောင် မီးထိုးပေးနေတယ်လို့ ဘာရိန်းအစိုးရက စွပ်စွဲပါတယ်။ အီရန်က စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up