
‘ကာဘူးလ် အိပ်မက်များ’ လို့ အမည်ပေးထားတဲ့ Kabul Dreams တေးဂီတအဖွဲ့ဟာ မနှစ်ကစပြီး လူသိများ ထင်ရှားလာပါတယ်။ တကမ္ဘာလုံးအနှံ့ကို သူတို့ရဲ့ အိပ်မက်တွေ သယ်ဆောင်သွားမယ်လို့ ဂီတအဖွဲ့က ဆိုပါတယ်။ သူတို့အဖွဲ့ အောင်မြင်လာတဲ့ အဓိကအကြောင်းက အင်္ဂလိပ်စကားနဲ့ရော၊ ဒေသသုံး ဘာသာစကားတွေနဲ့ပါ သီဆိုဖျော်ဖြေလို့ ဖြစ်ပါတယ်။ အခု အဲဒီ လူငယ်ဂီတသမားသုံးဦးကို သတင်းထောက် ‘မာလ်ယာ ဆဒက် အာဇဒ်’ (Malyar Sadeq Azad)က တွေ့ဆုံပြီး သတင်းပေးပို့ထားတာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။