Homeမြန်မာသတင်း
ဗိုလ်ချုပ်စာထိုင်ဖတ်ခဲ့သည့် ညောင်ပင်အောက်ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း တိုက်ရိုက်ပြမည်
ဗိုလ်ချုပ်စာထိုင်ဖတ်ခဲ့သည့် ညောင်ပင်အောက်ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း တိုက်ရိုက်ပြမည်
DVB
·
February 11, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလူငယ်များရဲ့ ဖေဖော်ဝါရီ ၁၂ရက် ပင်လုံ ငြိမ်းချမ်းရေးစကားဝိုင်းကို မြန်မာ့ရုပ်မြင်သံကြားနဲ့ အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်တို့ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသမှာဖြစ်ပါတယ်။
မနက် ၉ နာရီ မိနစ် ၂၀ ကစလို့ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပြီး ပင်လုံစာချုပ်လက်မှတ်ထိုးတုန်းက ဗိုလ်ချုပ်အောင်ဆန်း စာထိုင်ဖတ်ခဲ့တဲ့ ညောင်ပင်အောက်မှာ ငြိမ်းချမ်းရေးစကားဝိုင်း လုပ်မှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလူငယ်များရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို နေပြည်တော်မှာ ပထမအကြိမ်လုပ်ခဲ့ပြီး အခု ရှမ်းပြည်နယ်၊ ပင်လုံမှာ ပြည်ထောင်စုနေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။