Homeအာရှဒေသ
အိန္ဒိယ ကက်ရှ်မီးယားပြည်နယ်ရဲ့ သင်္ချိုင်း ၄၀ မှာ အမည်မသိ အလောင်း ၂၀၀၀ ကျော် မြှုပ်ထား
အိန္ဒိယ ကက်ရှ်မီးယားပြည်နယ်ရဲ့ သင်္ချိုင်း ၄၀ မှာ အမည်မသိ အလောင်း ၂၀၀၀ ကျော် မြှုပ်ထား
DVB
·
December 12, 2011
အိန္ဒိယအစိုးရအုပ်ချုပ်တဲ့ ကက်ရှ်မီးယားပြည်နယ်မှာ မည်သူမည်ဝါရယ်လို့ အတည်မပြုနိုင်တဲ့ အလောင်း ၂၀၀၀ ကျော်လောက်ကို မြှုပ်ထားတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီလို့ ပြည်နယ် လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း လူတွေကိုသတ်ဖြတ်ပြီး နေရာ ၄၀ လောက်မှာ မြှုပ်ထားတယ်လို့ မိသားစုဝင်တွေ ပျောက်ဆုံးခဲ့ရတဲ့ သူတွေက စွပ်စွဲ ပြောဆိုနေတာကြာပါပြီ။ အခုတော့ အစိုးရ လူ့အခွင့်အရေးကော်မရှင် ကိုယ်တိုင်က အဲဒီဖြစ်ရပ် မှန်ကန်ကြောင်း ပထမဆုံး အတည်ပြု ပြောဆိုပါတယ်။ ဒီအကြောင်းကို အိန္ဒိယမှ သတင်းထောက် ‘ဘစ္စမီလာ ဂီလာနီ’(Bismillah Geelani) က သတ်ဖြတ်ခံရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို တွေ့ဆုံ မေးမြန်း သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။