A d v e r t i s e m e n t With Us

အိန္ဒိယ ကက်ရှ်မီး​ယား​ပြည်နယ်ရဲ့​ သင်္ချိုင်း​ ၄၀ မှာ အမည်မသိ အ​လောင်း​ ၂၀၀၀ ​ကျော် မြှုပ်ထား

အိန္ဒိယအစိုး​ရအုပ်ချုပ်တဲ့​ ကက်ရှ်မီး​ယား​ပြည်နယ်မှာ မည်သူမည်ဝါရယ်လို့​ အတည်မပြုနိုင်တဲ့​ အ​လောင်း​ ၂၀၀၀ ​ကျော်​လောက်ကို မြှုပ်ထား​တဲ့​ အ​ထောက်အထား​တွေ ​တွေ့​ရှိထား​ပြီလို့​ ပြည်နယ် လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်က ​ပြောပါတယ်။ လွန်ခဲ့​တဲ့​နှစ် ၂၀ အတွင်း​ လူ​တွေကိုသတ်ဖြတ်ပြီး​ ​နေရာ ၄၀ ​လောက်မှာ မြှုပ်ထား​တယ်လို့​ မိသား​စုဝင်​တွေ ​ပျောက်ဆုံး​ခဲ့​ရတဲ့​ သူ​တွေက စွပ်စွဲ ​ပြောဆို​နေတာကြာပါပြီ။ အခု​တော့​ အစိုး​ရ လူ့​အခွင့်​အ​ရေး​ကော်မရှင် ကိုယ်တိုင်က အဲဒီဖြစ်ရပ် မှန်ကန်​ကြောင်း​ ပထမဆုံး​ အတည်ပြု ​ပြောဆိုပါတယ်။ ဒီအ​ကြောင်း​ကို အိန္ဒိယမှ သတင်း​ထောက် ‘ဘစ္စမီလာ ဂီလာနီ’(Bismillah Geelani) က သတ်ဖြတ်ခံရသူ​တွေရဲ့​ ကျန်ရစ်သူ မိသား​စု​တွေကို ​တွေ့​ဆုံ ​မေး​မြန်း​ သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up