Live
Home
အာရှဒေသ
တိမ်​ကော​ပျောက်ကွယ်လုဖြစ်​နေတဲ့​ မ​လေး​ရှား​နိုင်ငံမှ တရုတ်​အော်ပရာ
DVB
·
December 9, 2011
ရုပ်ရှင်မ​ပေါ်ခင်အချိန်မှာ အ​ရှေ့​တောင်အာရှနိုင်ငံ​တွေကို ​ရွှေ့​ပြောင်း​နေထိုင်သူ တရုတ်လူမျိုး​တွေ အကြိုက်ဆုံး​ နဲ့​ အကြည့်​များ​ဆုံး​က တရုတ် ​အော်ပရာပြဇာတ် ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး​ပွဲလို ပွဲ​တော်ရက်​တွေမှာ ကန်တုံဘာသာစကား​နဲ့​ ​ဖျော်​ဖြေတဲ့​ ​အော်ပရာပြဇာတ်က အဓိက မပါမဖြစ် ​ရှေ့​ဆုံး​က ရှိ​နေတတ်ပါတယ်။ မကြာခင် ရက်ပိုင်း​က တရုတ်နိုင်ငံ ​ဘေဂျင်း​မြို့​မှာ ‘ည​နေဆည်း​ဆာကို ဖမ်း​ယူခြင်း​’ ( Capturing Twilight) အမည်နဲ့​ မှတ်တမ်း​ရုပ်ရှင်တစ်ကား​ကို ပြသခဲ့​ပါတယ်။ ဒီ မှတ်တမ်း​ ရုပ်ရှင်ကို ရိုက်သူက ‘နီရမာလာ ခါရုပီယ’( Nirmala Karuppiah )ဆိုတဲ့​ မ​လေး​ရှား​ အမျိုး​သမီး​ဖြစ်ပြီး​၊​ မ​လေး​ရှား​မှာ ကန်တုံ ​အော်ပရာပြဇာတ် ​မှေး​မှိန်​ပျောက်ကွယ်​တော့​မယ့်​ အ​ကြောင်း​ ရှာ​ဖွေတင်ပြထား​တာဖြစ်ပါတယ်။ ဒီအ​ကြောင်း​ ​ဘေဂျင်း​မြို့​က သတင်း​ထောက် ကလဲရင့်​ချွာ (Clarence Chua)ကသတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်ကဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024