A d v e r t i s e m e n t With Us

တိမ်​ကော​ပျောက်ကွယ်လုဖြစ်​နေတဲ့​ မ​လေး​ရှား​နိုင်ငံမှ တရုတ်​အော်ပရာ

ရုပ်ရှင်မ​ပေါ်ခင်အချိန်မှာ အ​ရှေ့​တောင်အာရှနိုင်ငံ​တွေကို ​ရွှေ့​ပြောင်း​နေထိုင်သူ တရုတ်လူမျိုး​တွေ အကြိုက်ဆုံး​ နဲ့​ အကြည့်​များ​ဆုံး​က တရုတ် ​အော်ပရာပြဇာတ် ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး​ပွဲလို ပွဲ​တော်ရက်​တွေမှာ ကန်တုံဘာသာစကား​နဲ့​ ​ဖျော်​ဖြေတဲ့​ ​အော်ပရာပြဇာတ်က အဓိက မပါမဖြစ် ​ရှေ့​ဆုံး​က ရှိ​နေတတ်ပါတယ်။ မကြာခင် ရက်ပိုင်း​က တရုတ်နိုင်ငံ ​ဘေဂျင်း​မြို့​မှာ ‘ည​နေဆည်း​ဆာကို ဖမ်း​ယူခြင်း​’ ( Capturing Twilight) အမည်နဲ့​ မှတ်တမ်း​ရုပ်ရှင်တစ်ကား​ကို ပြသခဲ့​ပါတယ်။ ဒီ မှတ်တမ်း​ ရုပ်ရှင်ကို ရိုက်သူက ‘နီရမာလာ ခါရုပီယ’( Nirmala Karuppiah )ဆိုတဲ့​ မ​လေး​ရှား​ အမျိုး​သမီး​ဖြစ်ပြီး​၊​ မ​လေး​ရှား​မှာ ကန်တုံ ​အော်ပရာပြဇာတ် ​မှေး​မှိန်​ပျောက်ကွယ်​တော့​မယ့်​ အ​ကြောင်း​ ရှာ​ဖွေတင်ပြထား​တာဖြစ်ပါတယ်။ ဒီအ​ကြောင်း​ ​ဘေဂျင်း​မြို့​က သတင်း​ထောက် ကလဲရင့်​ချွာ (Clarence Chua)ကသတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်ကဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up