နယူးဇီလန်တွင် ဝေလငါးအကောင် ၄၀၀ ကျော် သောင်တင်၊ ၃၀၀ ကျော်သေဆုံး (ရုပ်သံ)

နယူးဇီလန်နိုင်ငံ Golden Bay ကမ်းခြေမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဝေလငါးကောင်ရေ ၄၀၀ ကျော် သောင်တင်နေခဲ့ပြီး အဲ့ဒီအထဲက အကောင် ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီ့အတွက် သဘာဝတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တွေဟာ ကျန်တဲ့ ဝေလငါး ၁၀၀ ကျော်ကို ပင်လယ်နက်ထဲ ပြန်ပို့နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းကတည်းက ဝေလငါး အကောင်ပေါင်းများစွာ သောင်တင်လာတာကို တွေ့ခဲ့ပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းကို ညပိုင်းလုပ်ဆောင်ရင် ဝန်ထမ်းတွေ ဒဏ်ရာရမှာ စိုးရိမ်တဲ့အတွက် မိုးလင်းတဲ့အထိ စောင့်ခဲ့ရပါတယ်။ နောက်တရက်မှာ ပင်လယ်ဒီရေအတက်ကို စောင့်ပြီး ဝေလငါးတွေကို ပြန်လွှတ်ပို့ခဲ့ပေမယ့် အများစုက ရေအကျမှာ ကမ်းပေါ်ပြန်ရောက်လာတယ်လို့ သိရပါတယ်။ ဒါဟာ ၁၉၈၅ ခုနှစ်က နယူးဇီလန်နိုင်ငံ အော့ကလန်ကမ်းခြေမှာ ဝေလငါးကောင်ရေ ၄၅၀ လောက် သောင်တင်မှုအပြီး ဒုတိယအများဆုံးဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up