အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ ကမ္ဘောဒီးယား လိင်ဖျော်ဖြေရေး အလုပ်သမများ တောင်းဆို
Published By
DVB | 8 December, 2011
4K
0
Share
0
Comment
0
Likes

လိင်အလုပ်သမတွေပေါ် အကြမ်းဖက်မှုဟာ ကမ္ဘောဒီးယားနိုင်ငံမှာ များပြားပျံ့နှံ့နေပါတယ်။ သူတို့ဆီ လာရောက်သူတွေနဲ့ ရဲတွေက လိင်ဖျော်ဖြေရေး အလုပ်သမတွေအပေါ် အကြမ်းဖက် ပြုကျင့်လေ့ရှိပါတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်တာ ကာကွယ်ဖို့ ၂၀၀၈ ခုနှစ်မှာ ကမ္ဘောဒီးယားအစိုးရက ဥပဒေတခု ပြဌာန်းခဲ့ပါတယ်။ လိင်အလုပ်သမတွေကို အလွဲပြုကျင့် အနိုင်ယူမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးမှုတွေကို တားမြစ်ပိတ်ပင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဥပဒေရဲ့ အကာကွယ်ပေးမှုကို အပြည့်အဝမရရှိသေးတာကြောင့် ကမ္ဘောဒီးယား လိင်အလုပ် သမတွေက သူတို့အခွင့်အရေးအတွက် အခု တောင်းဆိုဖို့ အချိန်ကျပြီလို့ ပြောဆိုနေကြပါတယ်။ ဖနွမ်းပင်မြို့က သတင်းထောက် ဘိုရင်းနောင်(Borin Noun)က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်ကဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာပါ။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။