ပီရူးသမ္မတဟောင်း တိုလေဒိုကို ဖမ်းဝရမ်းထုတ်ရန် အစိုးရရှေ့နေများ တောင်းဆို

ပီရူးသမ္မတဟောင်း တိုလေဒို။ (ဓာတ်ပုံ - ရိုက်တာ)
ပီရူးအစိုးရရှေ့နေတွေက သမ္မတဟောင်း အလေဂျန်ဒရို တိုလေဒိုကို ဖမ်းဝရမ်းထုတ်ဖို့ တရားသူကြီးကို တောင်းဆိုလိုက်ပါတယ်။ ဘရာဇီး ဆောက်လုပ်ရေးလုပ်ငန်းစုကြီး အိုဒေဘရက်ခ်ျ အက်စ်အေ (Odebrecht SA) နဲ့ ပတ်သက်ပြီး လာဘ်ယူမှုမှာ ပါတယ်ဆိုတဲ့ သံသယနဲ့ ခုလို တောင်းဆိုတာပါ။ သမ္မတဟောင်းရဲ့ လုပ်ဖော်ကိုင်ဘက်တယောက်ပိုင်တဲ့ ဘဏ်အကောင့်ထဲမှာ အမေရိကန် ဒေါ်လာ ၁၁ သန်း တွေ့ခဲ့အပြီး အာဏာပိုင်တွေက တိုလေဒိုပိုင်တဲ့ အိမ်တလုံးကို ရှာခဲ့ပါတယ်။ ဒီငွေတွေဟာ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်ကြား တိုလေဒိုအစိုးရလက်ထက် အိုဒေဘရက်ခ်ျ လုပ်ငန်းစုဆီက အမေရိကန်ဒေါ်လာ သန်း ၂၀ လာဘ်ယူမှုရဲ့ အစိတ်အပိုင်းအဖြစ် အစိုးရ ရှေ့နေတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် သမ္မတဟောင်းကို ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေချိန်မှာ ထောင်ဒဏ် ၁၈ လ အထိ ထောင်ချထားဖို့ အစိုးရရှေ့နေတွေက တရားသူကြီး ရစ်ချတ် ကွန်ဆပ်ရှန်းကို တောင်းဆိုထားတယ်လို့ ရှေ့နေချုပ်ရုံးက တွစ်တာ လူမှုကွန်ရက်မှာ ပြောပါတယ်။ ဒီတောင်းဆိုချက်ကို ဒီသီတင်းပတ်အတွင်း ဆုံးဖြတ်မယ်လို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up