Homeအာရှဒေသ
အိန္ဒိယက အသေးစားစီးပွားရေး လုပ်ငန်းရှင်ငယ်များက နိုင်ငံတကာ လက်လီရောင်း စတိုးဆိုင်ကြီးတွေ ဝင်ရောက်မှုကို ဆန့်ကျင်
အိန္ဒိယက အသေးစားစီးပွားရေး လုပ်ငန်းရှင်ငယ်များက နိုင်ငံတကာ လက်လီရောင်း စတိုးဆိုင်ကြီးတွေ ဝင်ရောက်မှုကို ဆန့်ကျင်
DVB
·
December 7, 2011
အိန္ဒိယအစိုးရက ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ပြီး၊ ကုန်ပစ္စည်း လက်လီရောင်းချတာကို ခွင့်ပြုဖို့ သဘောတူလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ Wall-Mart နဲ့ Tesco တို့လို လက်လ်ီရောင်းချတဲ့ နိုင်ငံတကာ စတိုးဆိုင်ကြီးတွေကို အိန္ဒိယမှာ ဖွင့်ခွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအတိုက်အခံ ပါတီတွေနဲ့ အသေးစား စီးပွားလုပ်ငန်းတွေကတော့ နိုင်ငံတကာ စတိုးဆိုင်ကြီးတွေ ဝင်လာမှာကို အပြင်းအထန် ခုခံဆန့်ကျင်နေပါတယ်။ အတိုက်အခံပါတီတွေက ပါလီမန်ထဲမှာ ကန့်ကွက်ပြောဆိုနေသလို၊ အိန္ဒိယ ဈေးသည်တွေကလည်း အဲဒီ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းကို နယူးဒေလီမှ သတင်းထောက် ‘ဘစ်မီလာ ဂီလာနီ’ (Bismillah Geelani) က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။