၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံ မဂွင်ဒါနီယို ပြည်နယ်မှာ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်သမိုင်းမှာ သတင်းသမားအများအပြား အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဒီနှစ်မှာတော့ အဲဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ‘ပြစ်မှုကျူးလွန်သူများအပေါ် အရေးမယူမှုကို အဆုံးသတ်ရေး နိုင်ငံတကာနေ့’ ဆိုတာကို စတင်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးပြစ်မှု ကျူးလွန်သူတွေအပေါ် အရေးမယူတာတွေကို အဆုံးသတ်ပစ်ဖို့နဲ့ ဖိလစ်ပိုင်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက် အဲဒီသတ်ဖြတ်မှု ဖြစ်ခဲ့တဲ့နေ့ကို အောက်မေ့ဖွယ် အမှတ်ရ ကျင်းပခဲ့တဲ့အကြောင်း မနီလာမြို့မှ သတင်းထောက် ‘မက်ဒေါနား ဗီရိုလာ’ (Madonna Virola)သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဖိလစ်ပိုင်ဂျာနယ်လစ် ၃၂ ဦး အသတ်ခံရမှုကြောင့် ပြစ်မှုကျူးလွန်သူများအပေါ် အရေးယူရေးနေ့ ဖြစ်လာ
RELATED ARTICLES