အာဖဂန်တွင် အိုင်စီအာရ်စီယာဉ်တန်းကို စစ်သွေးကြွတိုက်ခိုက်၊ အဖွဲ့ဝင် ၆ ဦးသေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာရ်စီ) ယာဉ်တန်းကို လက်နက်ကိုင် စစ်သွေးကြွတွေက တိုက်ခိုက်လို့ အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့အပြီး နိုင်ငံအတွင်း လုပ်ငန်းတွေအားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ အိုင်စီအာရ်စီက ဖေဖော်ဝါရီ ၉ ရက်မှာ ပြောဆိုပါတယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၈ ရက်က နိုင်ငံမြောက်ပိုင်းမှာ ခရီးသွားနေတုန်း အစွန်းရောက်တွေရဲ့ ခြုံခိုတိုက်ခိုက်ခံခဲ့ရပြီး အာဖဂန်ကြက်ခြေနီအဖွဲ့ဝင် ၂ ဦး ပျောက်ဆုံးနေတာပါ။ ဒေသခံ လုံခြုံရေးအာဏာပိုင်တွေကတော့ အိုင်အက်စ် အကြမ်းဖက်သစ္စာခံ စစ်သွေးကြွတွေ တိုက်ခိုက်တာလို့ ယုံကြည်ကြပါတယ်။ ကြက်ခြေနီအဖွဲ့ဝင်တွေ နိုင်ငံမြောက်ပိုင်းမှာ ဒေသခံတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်ချိန်မှာ တမင်ရည်ရွယ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘယ်အကြောင်းပြချက်နဲ့မှ လက်ခံနိုင်စရာ မရှိဘူးလို့ အိုင်စီအာရ်စီက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ အိုင်စီအာရ်စီအဖွဲ့ကြီးက နှစ်ပေါင်း ၃၀ ကြာ မရပ်မနား ဆောင်ရွက်ခဲ့တဲ့ ထောက်ပံ့ကူညီရေးလုပ်ငန်းတွေကို အခုအချိန်ကစပြီး ယာယီရပ်ဆိုင်းလိုက်ပြီး ဘာကြောင့် အခုလို တိုက်ခိုက်တယ်ဆိုတာကို အိုင်စီအာရ်စီအဖွဲ့အနေနဲ့ ရှင်းရှင်းလင်းလင်းသိရှိဖို့ လိုအပ်တယ်လို့ အိုင်စီအာရ်စီအရာရှိတွေက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up