လွတ်မြောက် နွားရိုင်း ၂ ကောင်က ပရိသတ်နှင့် ဟန်ရေးပြကစားသမားကို တိုက်ခိုက် (ရုပ်သံ)

နွားရိုင်းသတ်ပွဲတော်တခုအတွင်းမှာ လွတ်မြောက်လာခဲ့တဲ့ နွားရိုင်း ၂ ကောင်ဟာ ကွင်းအတွင်း လှည့်ပတ်ပြီး မြင်မြင်သမျှ မွှေ့ယမ်းဖျက်ဆီးခဲ့ကာ ဟန်ရေးပြကစားသမားကိုရော ပရိသတ်တွေကိုပါ တိုက်ခိုက်ခဲ့တဲ့အတွက် ထိတ်လန့်တကြားဖြစ်ခဲ့ကြရပါ တယ်လို့ မေရာသတင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ မက္ကဆီကိုနိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး နွားရိုင်း ၂ ကောင်ဟာ ကွင်းအတွင်းမှာ ကြမ်းကြမ်းတမ်းတမ်း ချိုးရိုက်ဖျက်ဆီးခဲ့ပြီး ရန်မူခဲ့ကြတာမို့ ကြောက် လန့်တကြားထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ နွားရိုင်းတကောင်ဟာ ပွဲကြည့်စင်ဘေးခြံစည်းရိုးပေါ်ကနေ ပြုတ်ကျလာခဲ့တဲ့ အမျိုးသားတဦးကို ဦးချိုနဲ့ ထိုးကော်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ ခုလိုမျှော်လင့်မထားတဲ့ တိုက်ခိုက်မှုကြောင့် စပိန်နွားရိုင်းသတ်ကစားသမား အဒေါ်လ်ဖို ရာမီရက်ဇ်ရဲ့ နောက်ကျောဘက်၊ ခြေတွေနဲ့ လက်တွေအနှံ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကွင်းအတွင်း မြင်းနဲ့ လှံရေးပြကစားသမားတဦးဖြစ်တဲ့ ဆီဇာ မိုရေးလ်စ်က တော့ ထိခိုက်ဒဏ်ရာတွေကြောင့် အရေးပေါ် ကုသမှုတွေ ခံနေရတာပါ။ ပွဲကြည့်ပရိသတ်တဦးကတော့ “ကွင်းထဲကို ၄ ကောင်မြောက် နွားရိုင်းနဲ့ ၅ ကောင်မြောက် နွားရိုင်း ၂ ကောင်ဟာ မမျှော်လင့်ထားခဲ့ပဲ လွတ်လာခဲ့ပြီး ခုလိုဖြစ်ခဲ့တာ။ ပရိသတ်တွေရော၊ ကစားသမားတွေပါ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်”လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up