မလေးရှားကယ်ဆယ်ရေးသင်္ဘော ရန်ကုန်သီဝလ၀ါဆိပ်ကမ်းဆိုက်ကပ်
DVB
·
February 9, 2017
မလေးရှားနိုင်ငံက ထွက်ခွာလာတဲ့ ကူညီကယ်ဆယ်ရေးသင်္ဘောတစ်စီးဟာ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်သီလ၀ါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီတွေ မြန်မာအစိုးရတာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
သင်္ဘောပေါ်မှာ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးအပါအ၀င် ကူညီပစ္စည်း တန်ချိန် ၂၀၀၀ လောက်တင်ဆောင်လာရာမှာ တန်ချိန် ၃၀၀ လောက်ပဲ ရန်ကုန်မှာ ချပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သင်္ဘော ဆက်လက်ထွက်ခွာမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ဒီဗွီဘီကိုပြောပါတယ်။
အကူအညီတွေကို မလေးရှား ဒုနိုင်ငံခြားရေးက ပေးအပ်ရာမှာ မြန်မာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကိုယ်တိုင်သွားရောက်လက်ခံရယူခဲ့ပါတယ်။