ဂိုးသမားဂျိုးဟတ်ကို ခေါ်ယူရန် အာဆင်နယ်နှင့် လီဗာပူး စိတ်ဝင်စား

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ မန်စီးတီးအသင်းကနေ တိုရီနိုအသင်းဆီ အငှားချထားတဲ့ ဂိုးသမားဂျိုးဟတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်စီးတီးအသင်းကလည်း ရာသီအကုန်မှာ ဂျိုးဟတ်ကို ပေါင် ၁၅ သန်းလောက်နဲ့ ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဂျိုးဟတ်ဟာ မန်စီးတီးအသင်းကို နည်းပြ ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက် အသင်းနဲ့ အဆင်မပြေခဲ့တာကြောင့် အီတလီစီးရီးအေကလပ် တိုရီနို အသင်းဆီ တရာသီ အငှားသွားကစားနေတာပါ။ အာဆင်နယ်အသင်းအနေနဲ့ အသက်အရွယ်ရလာတဲ့ ဂိုးသမား ပီတာချက်နေရာမှာ တခြား ဂိုသမားတဦးကို အစားထိုးမှာဖြစ်ပြီး အီတလီကလပ် ရိုးမားအသင်းဆီ အငှားချထားတဲ့ ဆက်ဇနီ ပြန်ရောက်လာတဲ့အချိန်မှာ အတည်ပြု ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းဟာလည်း လက်ရှိ အသင်းမှာရှိတဲ့ ဂိုးသမားတွေကို စိတ်တိုင်းမကျဘဲ ဖြစ်နေတာကြောင့် မန်စီးတီးအသင်းက ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ဂျိုးဟတ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိ ဂျိုးဟတ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ စီးရီးအေကလပ် တိုရီနိုအသင်းအတွက် စုစုပေါင်း ၂၁ ပွဲ ကစားထားပြီး ဂိုးမပေးရတဲ့ပွဲ ၅ ပွဲ ရရှိအောင် စွမ်းဆောင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up