Home အာရှဒေသ နီပေါမှ မော်ကွန်မြုနစ်ဝါဒီ သူပုန်တွေ အစိုးရတပ်ထဲ ဝင်ရောက်အမှုထမ်းဖို့ ပြင်ဆင်
နီပေါမှ မော်ကွန်မြုနစ်ဝါဒီ သူပုန်တွေ အစိုးရတပ်ထဲ ဝင်ရောက်အမှုထမ်းဖို့ ပြင်ဆင်
nepal_army_web_111203 မကြာခင်က ငြိမ်းချမ်းရေးရယူခဲ့တဲ့ နီပေါနိုင်ငံက မော်ကွန်မြူနစ်ဝါဒီ သူပုန် တဝက်ကျော်လောက်က အရင်သူတို့ရဲ့ ရန်သူဟောင်း အစိုးရ တပ်တွေထဲကို ပူးပေါင်းဖို့ စီစဉ်နေပါတယ်။ မော်ဝါဒီသူပုန် နှစ်သောင်းနီးပါးလောက်မှာ ၅၅ ရာခိုင်နှုန်းက အစိုးရတပ်ထဲဝင်ပြီး စစ်သားအဖြစ် အမှုထမ်းချင်နေပါတယ်။ အဲဒီလို သူပုန်တွေကို အစိုးရတပ်သားအဖြစ် ပြောင်းလဲမယ့် ထူးခြားဖြစ်စဉ်အပေါ် နိုင်ငံရေးပါတီတွေက အံ့အားသင့်နေကြပါတယ်။ အစိုးရ တပ်ထဲမဝင်တဲ့ သူပုန်ဟောင်းတွေကိုတော့ သူတို့ဘဝ ပြန်လည်ထူထောင်ရေးအတွက် တယောက်ကို ဒေါ်လာ ၁၁,၀၀၀ ရရှိမှာဖြစ်ပါတယ်။ ဒီအကြောင်း နီပေါက မော်ဝါဒီတွေရဲ့ စခန်းကို သွားရောက်ခဲ့တဲ့ သတင်းထောက် ‘ဆူနီ နျူပါနီ’ (Sunil Neupane)က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ