A d v e r t i s e m e n t With Us

နီ​ပေါမှ ​မော်ကွန်မြုနစ်ဝါဒီ သူပုန်​တွေ အစိုး​ရတပ်ထဲ ဝင်​ရောက်အမှုထမ်း​ဖို့​ ပြင်ဆင်

မကြာခင်က ငြိမ်း​ချမ်း​ရေး​ရယူခဲ့​တဲ့​ နီ​ပေါနိုင်ငံက ​မော်ကွန်မြူနစ်ဝါဒီ သူပုန် တဝက်​ကျော်​လောက်က အရင်သူတို့​ရဲ့​ ရန်သူ​ဟောင်း​ အစိုး​ရ တပ်​တွေထဲကို ပူး​ပေါင်း​ဖို့​ စီစဉ်​နေပါတယ်။ ​မော်ဝါဒီသူပုန် နှစ်​သောင်း​နီး​ပါး​လောက်မှာ ၅၅ ရာခိုင်နှုန်း​က အစိုး​ရတပ်ထဲဝင်ပြီး​ စစ်သား​အဖြစ် အမှုထမ်း​ချင်​နေပါတယ်။ အဲဒီလို သူပုန်​တွေကို အစိုး​ရတပ်သား​အဖြစ် ​ပြောင်း​လဲမယ့်​ ထူး​ခြား​ဖြစ်စဉ်အ​ပေါ် နိုင်ငံ​ရေး​ပါတီ​တွေက အံ့​အား​သင့်​နေကြပါတယ်။ အစိုး​ရ တပ်ထဲမဝင်တဲ့​ သူပုန်​ဟောင်း​တွေကို​တော့​ သူတို့​ဘဝ ပြန်လည်ထူ​ထောင်​ရေး​အတွက် တ​ယောက်ကို ​ဒေါ်လာ ၁၁,၀၀၀ ရရှိမှာဖြစ်ပါတယ်။ ဒီအ​ကြောင်း​ နီ​ပေါက ​မော်ဝါဒီ​တွေရဲ့​ စခန်း​ကို သွား​ရောက်ခဲ့​တဲ့​ သတင်း​ထောက် ‘ဆူနီ နျူပါနီ’ (Sunil Neupane)က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up