အာရှ ရုပ်ရှင်ပွဲတော်
DVB
·
December 2, 2011
အာရှစီးပွားရေးဟာ အလျင်အမြန်ကိုပဲ တိုးတက်နေပါတယ်။ အထူးသဖြင့် တရုတ်နဲ့ တောင်ကိုရီယားလို တိုင်းပြည်တွေမှာ စီးပွားရေး တိုးတက်မှုနဲ့အတူ လူမှုအပြောင်းအလဲတွေလည်း အများကြီး ဖြစ်လာပါတယ်။ မကြာခင်က ကျင်းပတဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အာရှနိုင်ငံတွေက ရုပ်ရှင်တွေ ပြသခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော်မှာ အာရှ ရုပ်ရှင်ကားသစ်သုံးခုက စီးပွားရေးတိုးတက်မှုကြောင့် ဖြစ်လာတဲ့ လူသားမဆန်တဲ့ ယဉ်ကျေးမှုက ယခင် ဘဝနေထိုင်မှုပုံစံဟောင်းတွေကို ခွာချပစ်နေတယ်၊ သူတို့ တန်ဖိုးတွေ ဆုံးရှုံးနေရတယ်လို့ အာရှသား အများစုက ခံစားနေရကြောင်း ရိုက်ကူးပြသထားပါတယ်။ ရုပ်ရှင်ပွဲတော်ကို သွားကြည့်ခဲ့တဲ့ သတင်းထောက် ‘ရစ် ဝါဆာမန်’( Ric Wasserman)က သတင်းပေးပို့ထားတာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။