A d v e r t i s e m e n t With Us

အာရှ ရုပ်ရှင်ပွဲ​တော်

အာရှစီး​ပွား​ရေး​ဟာ အလျင်အမြန်ကိုပဲ တိုး​တက်​နေပါတယ်။ အထူး​သဖြင့်​ တရုတ်နဲ့​ ​တောင်ကိုရီယား​လို တိုင်း​ပြည်​တွေမှာ စီး​ပွား​ရေး​ တိုး​တက်မှုနဲ့​အတူ လူမှုအ​ပြောင်း​အလဲ​တွေလည်း​ အများ​ကြီး​ ဖြစ်လာပါတယ်။ မကြာခင်က ကျင်း​ပတဲ့​ ဆွီဒင်နိုင်ငံ စ​တော့​ဟုမ်း​ နိုင်ငံတကာ ရုပ်ရှင်ပွဲ​တော်မှာ အာရှနိုင်ငံ​တွေက ရုပ်ရှင်​တွေ ပြသခဲ့​ပါတယ်။ ရုပ်ရှင်ပွဲ​တော်မှာ အာရှ ရုပ်ရှင်ကား​သစ်သုံး​ခုက စီး​ပွား​ရေး​တိုး​တက်မှု​ကြောင့်​ ဖြစ်လာတဲ့​ လူသား​မဆန်တဲ့​ ယဉ်​ကျေး​မှုက ယခင် ဘဝ​နေထိုင်မှုပုံစံ​ဟောင်း​တွေကို ခွာချပစ်​နေတယ်၊​ သူတို့​ တန်ဖိုး​တွေ ဆုံး​ရှုံး​နေရတယ်လို့​ အာရှသား​ အများ​စုက ခံစား​နေရ​ကြောင်း​ ရိုက်ကူး​ပြသထား​ပါတယ်။ ရုပ်ရှင်ပွဲ​တော်ကို သွား​ကြည့်​ခဲ့​တဲ့​ သတင်း​ထောက် ‘ရစ် ဝါဆာမန်’( Ric Wasserman)က သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up