A d v e r t i s e m e n t With Us

တရုတ်ပြည်ရဲ့​ ရာသီဥတု​ပြောင်း​လဲမှုအ​ကြောင်း​ ဓာတ်ပုံပြပွဲ

ရေကြီး​မှု၊​ မိုး​ခေါင်​ရေရှား​မှု၊​ အလွန်အကျွံပူပြင်း​မှု စတဲ့​ ကမ္ဘာကြီး​ ပူ​နွေး​လာမှုရဲ့​ အကျိုး​သက်​ရောက်မှု​တွေက ကမ္ဘာ့​ ​နေရာတိုင်း​မှာ စိုး​ရိမ်ဖွယ်အ​ခြေအ​နေ​တွေ ဖြစ်လာ​နေပါတယ်။ နိုဝင်ဘာ ၂၈ ရက်​နေ့​က ​တောင်အာဖရိကနိုင်ငံ ဒါဘာမြို့​မှာ ကျင်း​ပခဲ့​တဲ့​ ကုလသမဂ္ဂရဲ့​ ရာသီဥတု ​ပြောင်း​လဲမှု ညီလာခံမှာ တက်​ရောက်သူ​တွေ အာရုံစိုက် ​ဆွေး​နွေး​ခဲ့​တဲ့​ နိုင်ငံက​တော့​ တရုတ် ဖြစ်ပါတယ်။ တရုတ်ဟာ လက်ရှိ ဖန်လုံအိမ်ဓာတ်​ငွေ့​ ကမ္ဘာမှာ အများ​ဆုံး​ ထုတ်လုတ်တဲ့​ နိုင်ငံဖြစ်ပါတယ်။ တရုတ်ပြည်မှာ အသုံး​ပြုတဲ့​ စွမ်း​အင်စုစု​ပေါင်း​ရဲ့​ ၇၀ ရာခိုင်နှုန်း​ဟာ ​လေထုညစ်ညမ်း​မှုကို အဆိုး​ဆုံး​ဖြစ်​စေတဲ့​ ​ကျောက်မီး​သွေး​ ဖြစ်ပါတယ်။ တရုတ်အစိုး​ရက အခြား​လောင်စာစွမ်း​အင်ကို ​ရွေး​ချယ်အသုံး​ပြုဖို့​ ရင်း​နှီး​မြှုပ်နှံမှု​တွေ လုပ်​နေ​ပေမဲ့​၊​ ​ကျောက်မီး​သွေး​ အ​ပေါ် မှီခို​နေရမှုကို ​တော်​တော်နဲ့​ ဖယ်ရှား​နိုင်မယ့်​ပုံ မ​ပေါ်​သေး​ပါဘူး​။ သဘာဝပတ်ဝန်း​ကျင် လှုပ်ရှား​သူ​တွေက​တော့​ တရုတ်ပြည်ရဲ့​ ရာသီဥတု​ပြောင်း​လဲမှုနဲ့​ပတ်သက်ပြီး​ လူထုကို အသိပညာ​ပေး​မှု​တွေ များ​များ​လုပ်ဖို့​ လိုအပ်တယ်လို့​ ​ပြောဆို​နေပါတယ်။ သဘာဝ ပတ်ဝန်း​ကျင်အ​ရေး​ လှုပ်ရှား​သူ​တွေက အဲဒီကိစ္စကို လိုက်လံ​ဆော်ဩ​နေတဲ့​အ​ကြောင်း​ ​ဘေကျင်း​မြို့​က သတင်း​ထောက် ‘​ရေဘက်ကာ ဗဲလ်လီ’ (Rebecca Valli) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up