နှစ်ပေါင်း ၈၅၀ ကျော်ကြာ စာရင်းကောက်ယူခဲ့ရသည့် မိသားစုဝင် ၅၀၀ ကျော် ပြန်တွေ့ပွဲ (ဓာတ်ပုံ)

တရုတ်နိုင်ငံမှာ မိသားစုဝင် ၅၀၀ ကျော်ပါဝင်တဲ့ လူအုပ်စုကြီးဟာ ပြန်လည်တွေ့ဆုံမှု အထိမ်းအမှတ် ထူးထူးခြားခြား ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။ သူတို့မိသားစုရဲ့အမည်ဟာ ရမ်မိသားစုလို့ အမည်ရပြီး တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ ရှီရှဲကျေးရွာမှဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နှစ်သစ်ကူးပွဲတော်အချိန်မှာတော့ မိသားစုတွေ့ဆုံပွဲနဲ့ စားသောက်ပွဲကျင်းပဖို့ ရည်ရွယ်ချက်နဲ့ ခုလိုပြန်လည်တွေ့ဆုံကာ ဓာတ်ပုံရိုက်ကူးခဲ့ကြတာပါ။ ဒီပုံတွေကိုတော့ ဓာတ်ပုံဆရာ ဇန်လျန်းဇောင်က သူတို့နေထိုင်ရာ ကျေးရွာအနီးမှာ ဒရုန်းယာဉ်အသုံးပြု ရိုက်ကူးခဲ့ရတာဖြစ်ပြီး ခုလို ပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် အချိန် ၈၅၁ နှစ်လောက် နောက်ကြောင်းပြန်စာရင်းကောက်ယူခဲ့ရတာလို့ ဆိုပါတယ်။ _94219780_e9cf4021-c2ee-4a29-80f0-8e04dd7060e5ခုလိုပြန်လည်ဆုံတွေ့နိုင်ဖို့ကိုတော့ တရုတ်နိုင်ငံအနှံ့ ရောက်ရှိနေကြတဲ့ မိသားစုဝင်တွေဟာ ဘေကျင်း၊ ရှန်ဟိုင်း၊ ဇီကျန်းနဲ့ ဟောင်ဟောင်မြို့တွေကနေ လာရောက်စုစည်းခဲ့ကြရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up