ကလေးငယ်များ၏သင်ယူပေးနိုင်မှု စွမ်းဆောင်ရည်ကိုကြည့်ပြီး ဆရာ/ဆရာမများကို ရာထူးတိုးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 9, 2017
ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ သင်ယူတတ်မြောက်မှု စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး ဆရာ၊ ဆရာမတွေကို ရာထူးတိုးခန့်အပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုခဲ့ပါတယ်။
သက်ကြီးစာတတ်မြောက်မှုနှုန်း မြင့်မားလာရေးအတွက်လည်း ကယားပြည်နယ်နဲ့ တောင်ကြီး တောင်ပိုင်းခရိုင်တွေမှာ ပြည်လုံးကျွတ် စာတတ်မြောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆ သောင်းကျော်ထဲက ကျောင်းနေအရွယ် ကလေးငယ်တိုင်း ပညာသင်ယူနိုင်အောင် ကျေးရွာပေါင်း ၃ သောင်းကျော်မှာ အခြေခံ၊ အလယ်တန်း၊ အထက်တန်း ကျောင်း စတဲ့ ကျောင်းပေါင်း ၃၃၂၂ ကျောင်းကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။