ထီးမွှေ့ယမ်းသည့်အတိုင်း လိုက်လံမွှေ့ယမ်းပြခဲ့သည့် ချစ်စရာ့ ပင်လယ်ဖျံကလေး (ရုပ်သံ)

စူးစမ်းလိုစိတ်ရှိပြီး လူသားတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ တိရစ္ဆာန်ငယ်လေးတွေရဲ့ လှုပ်ရှားမှုတွေဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထီးကလေးကို  မွှေ့ယမ်းပြလိုက်ချိန်မှာ အဲဒီအတိုင်း ထက်ကြပ်မကွာ လိုက်လံမွှေ့ယမ်းပြီး မြူးထူးဆော့ကစားကာ လှုပ်ရှားပြခဲ့တဲ့ ချစ်စရာကောင်းတဲ့ ပင်လယ်ဖျံကလေးတကောင်ကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ စပိန်နိုင်ငံ၊ ရေအောက်ကမ္ဘာပြတိုက်တခုထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆလိုဗေးနီးယားမှ လာရောက်လည်ပတ်တဲ့ အန်တန် ဂျူဟန့်နဲ့ သူ့မိသားစုဝင်တွေ ကြုံတွေ့ခဲ့ကြရတာပါ။ အန်တန်ရဲ့ သမီးဖြစ်သူ တီနာဟာ လက်ထဲမှာရှိနေတဲ့ အစက်အပြောက်တွေပါတဲ့ ထီးတလက်ကို စတင်ဝှေ့ယမ်းခဲ့ချိန်မှာ ဖျံကလေးက အနီးနားကို တိုးကပ်လာခဲ့ကာ စူးစမ်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ဖျံကလေးဟာ ထီးကလေးမွှေ့ယမ်းနေသလိုပဲ လိုက်လံမွှေ့ယမ်းနေတာကို တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up