လှိုင်းကြမ်းတွင်း နစ်မြုပ်စက်လှေပေါ်မှ ငါးဖမ်းသမားများကို ရဟတ်ယာဉ်ဖြင့် စွန့်စားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ထိုင်ဝမ်ရေလက်ကြားမှာ လှိုင်းလေကြမ်းကြမ်းကြား နစ်မြုပ်ခဲ့တဲ့ စက်လှေတစီးပေါ်မှ ငါးဖမ်းသမားတွေကို ကယ်ဆယ်ရေးသမားတွေက ရဟတ်ယာဉ်နဲ့ စွန့်စားကယ်တင်ခဲ့ကြရပါတယ်။ ဒီနစ်မြုပ်မှုဟာ တရုတ်နိုင်ငံ၊ ရှမိန်မြို့အရှေ့တောင်ဘက် ၁၁၁ ကီလိုမီတာအကွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနေ့ညနေ ၃ နာရီမှာ အရေးပေါ် အကူအညီတောင်းခံမှုကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နစ်မြုပ်နေတဲ့ စက်လှေပေါ်မှ ငါးဖမ်းသမား ၁၁ ဦးကို ရဟတ်ယာဉ်ပေါ်ကနေ ကြိုးတွေပစ်ချကာ ဆွဲတင်ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဲဒီနေ့ညနေ ၅ နာရီခွဲမှာတော့ ငါးဖမ်းသမားတွေအားလုံးကို ကယ်တင်နိုင်ခဲ့ပြီး ရှမိန်ဂေါင်ကီလေဆိပ်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up