Home
မြန်မာသတင်း
မြန်မာအများစုပါဝင်သည့် ဘန်ကောက်ပြည့်တန်ဆာခန်းကို ထိုင်းရဲ ၀င်ရောက်စီးနင်း (ရုပ်သံ)
DVB
·
February 8, 2017
ထိုင်းနိုင်ငံ ဘန်ကောက် ဟွေ့ခွမ်နယ်မြေရှိ အနှိပ်ခန်းတခုကို ရဲနဲ့စစ်တပ်ပူးပေါင်းတာဝန်ရှိသူတွေက ၀င်ရောက်စီးနင်းရှာဖွေရှာမှာ မြန်မာမိန်းကလေးအများစုပါဝင်တဲ့ ပြည့်တန်ဆာအမျိုးသမီးပေါင်း ၃၂ ဦးကို ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာဖော်ပြပါတယ်။  ဟွေ့ခွမ်နယ်မြေ ဆမ်ဆိမ်နောက်မြို့နယ် ပချားဥထစ်လမ်းသွယ် ၁၉ ရှိ  ထန်းထိပ်အင်ဒါဒိတ်မဲန့်  အနှိပ်ခန်းမှာ  ပြည်တန်ဆာလုပ်ငန်းပါလုပ်ကိုင်လျှက်ရှိကြောင်း သတင်းပေးချက်အရ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပူးပေါင်းအင်အား ၅၀ က ယမန်နေ့ည ၁၀ နာရီက ၀င်ရောက်စီးနင်းရှာဖွေခဲ့တာလို့  နယ်မြေမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ရဲမှူးကြီး ဆူရချတ် ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ လှပစွာပြင်ဆင်ပြီး ဧည့်သည်စောင့်နေတဲ့ အမျိုးသမီးပေါင်း ၃၂ ဦးကို တွေ့ရကြောင်း၊ အဲဒီထဲမှာ ထိုင်းက ၁၃ ဦး၊ မြန်မာ ၁၆ ဦး၊ လာအို ၁ ဦး၊ တောင်ပေါ်သားကဒ် ကိုင်ဆောင်သူ ၂ ဦး ရှိပြီး မြန်မာမိန်းကလေးတွေထဲမှာ အသက် ၁၈ နှစ်အောက် တဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတချို့ ဒုတိယထပ်ပေါ် ပြေးတက်သွားပြီး အခန်းတစ်ခုထဲ ၀င်ရောက်ပုန်းခိုနေတာ တွေ့ရတဲ့အတွက် လိုက်လံမေးမြန်းရာမှာ သူတို့ဟာ ဆိုင်မန်နေဂျာသာဖြစ်ပြီး ဆိုင်ပိုင်ရှင်မှာ အဝေးေ ရာက်နေတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ အဲဒီဆိုင်ဟာ လိုင်စင်သက်တမ်းကုန်နေပြီး တရားမ၀င်အလုပ်သမားတွေပါ လက်ခံ ထားကြောင်း၊ ဒါကြောင့် အဲဒီအလုပ်ရှင်ကို ရှာဖွေပြီး တရားမ၀င်ဆိုင်ဖွင့်မှု၊ တရားမ၀င်နိုင်ငံခြား အလုပ်သမား ငှားရမ်းမှု၊ ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်မှု၊ လူကုန်ကူးမှုတွေနဲ့ အရေးယူသွားမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024