ပါကစ္စတန်ရှိ ဟိန္ဒူများ လက်ထပ်ခွင့်၊ အလောင်း မီးသင်္ဂြိုဟ်ခွင့်တွေ ပိတ်ပင်ခံရ
DVB
·
November 30, 2011
ပါကစ္စတန်မှာရှိတဲ့ ဟိန္ဒူလူမျိုးတွေ သေဆုံးရင် အလောင်းကို မီးမရှို့ဖို့ ပါကစ္စတန် အာဏာပိုင်တွေက အတင်း ဖိအားပေးနေပါတယ်။ ဟိန္ဒူ အသုဘ ဓလေ့ထုံးစံအတိုင်း ဆောင်ရွက်ခွင့်နဲ့ မီးသင်္ဂြိုဟ်ခွင့် မပေးဘဲ၊ မြေမြှုပ်ခွင့်ပဲ ပေးပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူအများစုက မူဆလင်တွေဖြစ်ပြီး၊ ဟိန္ဒူလူမျိုးက ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါ့အပြင် ဟိန္ဒူတွေဟာ တရားဝင် လက်ထပ်ခွင့်မရ ဖြစ်နေပါတယ်။ ပါကစ္စတန်က ဘာသာရေးအရ လူနည်းစုဖြစ်တဲ့ ဟိန္ဒူလူမျိုးတွေရဲ့ အခက်အခဲတွေကို အစ္စလမ်မာဘတ်မြို့က သတင်းထောက် ‘ရှဟတ် အူရာမန် ´(Shahab-ur-Rahman)က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။