A d v e r t i s e m e n t With Us

ပါကစ္စတန်ရှိ ဟိန္ဒူများ​ လက်ထပ်ခွင့်​၊​ အ​လောင်း​ မီး​သင်္ဂြိုဟ်ခွင့်​တွေ ပိတ်ပင်ခံရ

ပါကစ္စတန်မှာရှိတဲ့​ ဟိန္ဒူလူမျိုး​တွေ ​သေဆုံး​ရင် အ​လောင်း​ကို မီး​မရှို့​ဖို့​ ပါကစ္စတန် အာဏာပိုင်​တွေက အတင်း​ ဖိအား​ပေး​နေပါတယ်။ ဟိန္ဒူ အသုဘ ဓ​လေ့​ထုံး​စံအတိုင်း​ ​ဆောင်ရွက်ခွင့်​နဲ့​ မီး​သင်္ဂြိုဟ်ခွင့်​ မ​ပေး​ဘဲ၊​ ​မြေမြှုပ်ခွင့်​ပဲ ​ပေး​ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူအများ​စုက မူဆလင်​တွေဖြစ်ပြီး​၊​ ဟိန္ဒူလူမျိုး​က ၅ ရာခိုင်နှုန်း​ပဲ ရှိပါတယ်။ ဒါ့​အပြင် ဟိန္ဒူ​တွေဟာ တရား​ဝင် လက်ထပ်ခွင့်​မရ ဖြစ်​နေပါတယ်။ ပါကစ္စတန်က ဘာသာ​ရေး​အရ လူနည်း​စုဖြစ်တဲ့​ ဟိန္ဒူလူမျိုး​တွေရဲ့​ အခက်အခဲ​တွေကို အစ္စလမ်မာဘတ်မြို့​က သတင်း​ထောက် ‘ရှဟတ် အူရာမန် ´(Shahab-ur-Rahman)က သတင်း​ပေး​ပို့​ထား​တာပါ။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up