Home
အာရှဒေသ
သီရိလင်္ကာ တရား​ရုံး​က ဗိုလ်မှူး​ကြီး​ဟောင်း​ ဖွန်ဆီကာ ကို ​ထောင်သုံး​နှစ်ချ
DVB
·
November 29, 2011
သီရိလင်္ကာနိုင်ငံမှ အငြိမ်း​စား​ ဗိုလ်မှူး​ကြီး​ ‘ဆာရတ် ဖွန်ဆီကာ’ က သီရိလင်္ကာ အစိုး​ရကို စစ်ရာဇဝတ်မှု​တွေ ကျူး​လွန်ခဲ့​တယ်လို့​ စွပ်စွဲ​ပြောဆိုပြီး​နောက်မှာ၊​ သူ့​ကို တရား​ရုံး​က ​ထောင်ဒဏ်သုံး​နှစ် ချလိုက်ပါတယ်။ အဲဒီ တပ်မှူး​ဟောင်း​ကြီး​ဟာ ၂၀၀၉ ခုနှစ်မှာ တမီး​လ်ကျား​သူပုန်​တွေ တိုက်ခိုက်နှိမ်နင်း​ရာမှာ အစိုး​ရတပ်​တွေကို ဦး​ဆောင်ခဲ့​ရသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိ သီရီလင်္ကာသမ္မတ ‘မာဟင်ဒါ ရာဂျာပါစီ’ နဲ့​ သ​ဘောထား​ကွဲလွဲပြီး​ အ​ချေအတင်ဖြစ်ခဲ့​ပါတယ်။ လက်ရှိသမ္မတက ​နောက်နှစ်​ရွေး​ကောက်ပွဲ ထပ်အ​ရွေး​ခံမှာမို့​ အဲဒီတပ်မှူး​ဟောင်း​ကြီး​ရဲ့​ ​ဝေဖန်မှုက သူ့​ရဲ့​ လူထု​ထောက်ခံမှုမဲ​တွေ ကျဆင်း​စေပါတယ်။ ဒါ​ကြောင့်​ စစ်တပ်ထဲက ​ဝေဖန်သူ​တွေကို ဖမ်း​ဆီး​နေပါတယ်။ ဒီအ​ကြောင်း​ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့​မှ သတင်း​ထောက် Ponniah Manika vasagam က သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​ကစီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024