A d v e r t i s e m e n t With Us

သီရိလင်္ကာ တရား​ရုံး​က ဗိုလ်မှူး​ကြီး​ဟောင်း​ ဖွန်ဆီကာ ကို ​ထောင်သုံး​နှစ်ချ

သီရိလင်္ကာနိုင်ငံမှ အငြိမ်း​စား​ ဗိုလ်မှူး​ကြီး​ ‘ဆာရတ် ဖွန်ဆီကာ’ က သီရိလင်္ကာ အစိုး​ရကို စစ်ရာဇဝတ်မှု​တွေ ကျူး​လွန်ခဲ့​တယ်လို့​ စွပ်စွဲ​ပြောဆိုပြီး​နောက်မှာ၊​ သူ့​ကို တရား​ရုံး​က ​ထောင်ဒဏ်သုံး​နှစ် ချလိုက်ပါတယ်။ အဲဒီ တပ်မှူး​ဟောင်း​ကြီး​ဟာ ၂၀၀၉ ခုနှစ်မှာ တမီး​လ်ကျား​သူပုန်​တွေ တိုက်ခိုက်နှိမ်နင်း​ရာမှာ အစိုး​ရတပ်​တွေကို ဦး​ဆောင်ခဲ့​ရသူ ဖြစ်ပါတယ်။ သူဟာ လက်ရှိ သီရီလင်္ကာသမ္မတ ‘မာဟင်ဒါ ရာဂျာပါစီ’ နဲ့​ သ​ဘောထား​ကွဲလွဲပြီး​ အ​ချေအတင်ဖြစ်ခဲ့​ပါတယ်။ လက်ရှိသမ္မတက ​နောက်နှစ်​ရွေး​ကောက်ပွဲ ထပ်အ​ရွေး​ခံမှာမို့​ အဲဒီတပ်မှူး​ဟောင်း​ကြီး​ရဲ့​ ​ဝေဖန်မှုက သူ့​ရဲ့​ လူထု​ထောက်ခံမှုမဲ​တွေ ကျဆင်း​စေပါတယ်။ ဒါ​ကြောင့်​ စစ်တပ်ထဲက ​ဝေဖန်သူ​တွေကို ဖမ်း​ဆီး​နေပါတယ်။ ဒီအ​ကြောင်း​ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့​မှ သတင်း​ထောက် Ponniah Manika vasagam က သတင်း​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​ကစီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up