Homeအာရှဒေသ
အရှေ့တီမော ကျောင်းသားတွေကို အင်ဒိုနီးရှားစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ် ၂၀ ပြည့်
အရှေ့တီမော ကျောင်းသားတွေကို အင်ဒိုနီးရှားစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ် ၂၀ ပြည့်
DVB
·
November 28, 2011
လွန်ခဲ့တဲ့ နှစ် ၂၀ နိုဝင်ဘာလ ဒီအချိန်မှာ အရှေ့တီမောနိုင်ငံက ကျောင်းသားတွေ ခရစ်စမတ် ဘိုးဘိုးကြီးပွဲ အမှတ်တရ စီတန်းလှည့်လည်ပွဲ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အင်ဒိုနီးရှားတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ လက်နက်မရှိတဲ့ ကျောင်းသား ၂၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ နောက်ထပ် ကျောင်းသား ၄၀၀ နီးပါး ဒဏ်ရာရခဲ့ပြီး၊ ကျောင်းသား ၂၅၀ လောက်လည်း ယခုထိ ပျောက်ဆုံး နေဆဲပါပဲ။ အခု သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေက အရှေ့တီမောအစိုးရကို အလောင်းတွေ ရှာဖွေစုံစမ်းပေးဖို့ တောင်းဆိုနေတဲ့အကြောင်း၊ တီမောမြို့တော် ‘ဒီလီ’ ကနေ သတင်းထောက် ‘လီယိုနီတို ဂွန်ကာဗက်စ်’ (Leoneto goncalves) ကသတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။