Home
မြန်မာသတင်း
ကမ္ဘာတည်သရွေ့ ပြည်ခိုင်ဖြိုးပါတီ ရှိနေမည်ဟုဆို
DVB
·
February 8, 2017
  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ အမျိုးသားရေးကို ဦးထိပ်ထားတဲ့ပါတီ ဖြစ်ပြီး ကမ္ဘာတည်သရွေ့၊ မြန်မာနိုင်ငံရှိနေသရွေ့ ပြည်ခိုင်ဖြိုးပါတီ ရှိနေမယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ပြောပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အနေနဲ့ ပါတီ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တွေကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကနေ ဟောပြောတင်ပြရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။ ပြည်ခိုင်ဖြိုးပါတီ ရှိနေသမျှ အမျိုးဂုဏ်၊ ဇာတိဂုဏ်မညှိုးနွမ်းစေရ၊ ပြည်ခိုင်ဖြိုးပါတီရှိနေသမျှ မြန်မာပြည် နယ်နိမိတ်မပြောင်းလဲစေရလို့ အာမခံတဲ့အကြောင်းနဲ့ ပါတီနဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေဟာ အမျိုးသားရေးနဲ့ အမျိုးသားအကျိုးစီးပွား ခိုင်မာတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက် သွားမယ်လို့လည်းပြောပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်ကို ကြည့်ဖို့လိုအပ်သလို ကိုယ်စားလှယ်လောင်း ကိုယ်စားပြုတဲ့ပါတီကိုလည်း ကြည့်ပြီးရွေးချယ်ဖို့  ပါတီအထွေထွေအတွင်းရေးမှူးကတိုက်တွန်းပြောပါတယ်။ လာမယ့် ဧပြီ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ၁၉ နေရာစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီရဲ့ရွေးကောက်ပွဲ ကြွေးကြော်သံကတော့ ''အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့''ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024