ဘိုင်ယန် အသင်းခေါင်းဆောင် ဖိလစ်လမ်း ယခုရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူမည်

ဓာတ်ပုံ - ရိုက်တာ
ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖိလစ်လမ်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အသက် ၃၃ နှစ်ရှိ ဂျာမနီလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဖိလစ်လမ်းဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း ချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ စွမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဖိလစ်လမ်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ဥရောပချန်ပီယံလိဂ်ဖလား အပါအဝင် ဂျာမန် ဘွန်ဒက်စ်လီဂါဖလား ၇ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဘဝကနေ အနားယူဖို့အတွက် ပြီးခဲ့တဲ့နှစ်တွေကတည်းက စဉ်းစားနေတာဖြစ်ပြီး ကိုယ်ရဲ့အသက်အရွယ်နဲ့ စွမ်းဆောင်ရည်ပိုင်းကို လေ့ကျင့်ရေးကွင်းမှာ အမြဲတန်းဆန်းစစ်ပြီးနောက် အခုလို အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဖိလစ်လမ်းက ပြောပါတယ်။ နောက်ခံလူ ဖိလစ်လမ်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒီနှစ်ရာသီအကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိ ဖိလစ်လမ်းဟာ ဂျာမနီလက်ရွေးစင်အသင်းကနေ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ အနားယူခဲ့သူဖြစ်ပြီး ဂျာမနီအတွက် စုစုပေါင်း ၁၁၃ ပွဲ ကစားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ လက်ရှိအချိန်ထိ ပွဲပေါင်း ၅၀၁ ပွဲအထိ ကစားပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up