A d v e r t i s e m e n t With Us

အ​ရှေ့​တီ​မော ​ကျောင်း​သား​တွေကို အင်ဒိုနီး​ရှား​စစ်တပ်ရဲ့​ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ် ၂၀ ပြည့်

လွန်ခဲ့​တဲ့​ နှစ် ၂၀ နိုဝင်ဘာလ ဒီအချိန်မှာ အ​ရှေ့​တီ​မောနိုင်ငံက ​ကျောင်း​သား​တွေ ခရစ်စမတ် ဘိုး​ဘိုး​ကြီး​ပွဲ အမှတ်တရ စီတန်း​လှည့်​လည်ပွဲ လုပ်ခဲ့​ပါတယ်။ အဲဒီအချိန်မှာ အင်ဒိုနီး​ရှား​တပ်​တွေက ဝင်​ရောက်ပစ်ခတ်ခဲ့​တာ​ကြောင့်​ အပြစ်မဲ့​ လက်နက်မရှိတဲ့​ ​ကျောင်း​သား​ ၂၅၀ ​ကျော် ​သေဆုံး​ခဲ့​ရပါတယ်။ ​နောက်ထပ် ​ကျောင်း​သား​ ၄၀၀ နီး​ပါး​ ဒဏ်ရာရခဲ့​ပြီး​၊​ ​ကျောင်း​သား​ ၂၅၀ ​လောက်လည်း​ ယခုထိ ​ပျောက်ဆုံး​ ​နေဆဲပါပဲ။ အခု ​သေဆုံး​ခဲ့​ရသူ​တွေရဲ့​ မိသား​စု​တွေက အ​ရှေ့​တီ​မောအစိုး​ရကို အ​လောင်း​တွေ ရှာ​ဖွေစုံစမ်း​ပေး​ဖို့​ ​တောင်း​ဆို​နေတဲ့​အ​ကြောင်း​၊​ တီ​မောမြို့​တော် ‘ဒီလီ’ က​နေ သတင်း​ထောက် ‘လီယိုနီတို ဂွန်ကာဗက်စ်’ (Leoneto goncalves) ကသတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up