မန္တလေးမြို့ သနပ္ပင်ရပ်ကွက်တွင် မီးလောင်၊ အိမ်ခြေ ၁၄ အိမ် လောင်ကျွမ်း (ဓာတ်ပုံ)
DVB
·
February 8, 2017
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အကွက်အမှတ် ၄၄၆ သနပ္ပင်ရပ်ကွက်မှာ မနက် ၉ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အိမ်ခြေ ၁၄ အိမ်ခန့် လောင်ကျွမ်းသွားပြီး ၁၀ နာရီလောက်မှာ မီးကို ထိန်းနိုင်ခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုး ၈၄ သိန်း ၄ ထောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။