အိန္ဒိယမှာ စုန်းမလို့ စွပ်စွဲခံရသူတွေအပေါ် ရိုက်နှက်သတ်ဖြတ်မှုတွေ ပိုများလာ
DVB
·
November 25, 2011
ဥရောပတိုက်မှာတော့ စုန်းမလို့ယူဆရတဲ့ အမျိုးသမီးကို နောက်ဆုံးသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်က ၁၈ ရာစုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယမှာတော့ ရာဂျတန်ပြည်နယ်က လူမျိုးစုငယ်တွေနေတဲ့ ကျေးလက်ဒေသမှာ စုန်းမလို့ သံသယ ထင်ခံရတဲ့ အမျိုးသမီးတွေကို လိုက်လံချောင်းမြောင်း သတ်ဖြတ်တာတွေက ယခုထိ ရှိနေတုန်းပါပဲ။ စုန်းမ အခေါ်ခံရသူတွေဟာ များသောအားဖြင့် မုဆိုးမတွေ၊ ကလေးမရ မြုံနေတဲ့ အမျိုးသမီးတွေ၊ လူမှုဆက်ဆံရေး မဝင်ဆံ့တဲ့ မိန်းမတွေ၊ အမယ်ကြီးအိုတွေ ဖြစ်ပါတယ်။ အခု အိန္ဒိယကျေးလက်မှာ အိမ်နီးချင်းတွေက စုန်းမလို့ အခေါ်ခံရတဲ့ အသက် ၅၀ ရှိ အမျိုးသမီးတယောက် အကြောင်း သတင်းထောက် Jasvinder Sehgal ကသတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။