Home
မြန်မာသတင်း
မိုးကောင်းမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တိုင်းရင်းသူ ၁ ဦးဒဏ်ရာရ
DVB
·
February 8, 2017
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ထဲမှာ ကချင်တိုင်းရင်းသူ အမျိုးသမီး ၁ဦး ဖေဖော်ဝါရီ ၇ ရက်မွန်းလွဲပိုင်းက ဖက်ခုတ်သွားစဉ် မိုင်းပေါက်ကွဲထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ မိုးကောင်းမြို့ နတ်ကြီးကုန်းမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ်ထု နဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်ဘောက်တောင်တို့ ၂ ဦးဟာ မိုးကောင်းမြို့ရဲ့ အနောက်တောင်ဘက် လွဲလောကျေးရွာအုပ်စု သိုက်ချောင်းရွာပျက်အနီး တောင်ပေါ်ကနေ ဖက်ခုတ်ပြီး လှည်းလမ်း အတိုင်းပြန်လာစဉ် တိုက်မိုင်း တိုက်မိပေါက်ကွဲခဲ့ပြီး ဒေါ်ထုရဲ့ ဝဲဘက်/ယာဘက် ခြေသလုံးနဲ့ ပေါင်တို့မှာ မိုင်းစတွေ ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ အတူပါလာတဲ့ ဒေါ်ဘောက်တောင်က တောင်ပေါ်အထိ ကျောကုန်းပိုး သယ်ဆောင်ကာ လွဲလောကျေးရွာသို့လှည်းနဲ့ သယ်ဆောင်ခဲ့ပြီး ည ၁၀ နာရီအချိန်လောက်မှာ မိုးကောင်းပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပါတယ်။ မိုင်းကွဲဒဏ်ရာရရှိတဲ့ ဒေါ်ထုကို မိုးကောင်းပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူကာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024