A d v e r t i s e m e n t With Us

အိန္ဒိယမှာ စုန်း​မလို့​ စွပ်စွဲခံရသူ​တွေအ​ပေါ် ရိုက်နှက်သတ်ဖြတ်မှု​တွေ ပိုများ​လာ

ဥ​ရောပတိုက်မှာ​တော့​ စုန်း​မလို့​ယူဆရတဲ့​ အမျိုး​သမီး​ကို ​နောက်ဆုံး​သတ်ဖြတ်ခဲ့​တဲ့​ ဖြစ်ရပ်က ၁၈ ရာစုမှာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ အိန္ဒိယမှာ​တော့​ ရာဂျတန်ပြည်နယ်က လူမျိုး​စုငယ်​တွေ​နေတဲ့​ ​ကျေး​လက်​ဒေသမှာ စုန်း​မလို့​ သံသယ ထင်ခံရတဲ့​ အမျိုး​သမီး​တွေကို လိုက်လံ​ချောင်း​မြောင်း​ သတ်ဖြတ်တာ​တွေက ယခုထိ ရှိ​နေတုန်း​ပါပဲ။ စုန်း​မ အ​ခေါ်ခံရသူ​တွေဟာ များ​သောအား​ဖြင့်​ မုဆိုး​မ​တွေ၊​ က​လေး​မရ မြုံ​နေတဲ့​ အမျိုး​သမီး​တွေ၊​ လူမှုဆက်ဆံ​ရေး​ မဝင်ဆံ့​တဲ့​ မိန်း​မ​တွေ၊​ အမယ်ကြီး​အို​တွေ ဖြစ်ပါတယ်။ အခု အိန္ဒိယ​ကျေး​လက်မှာ အိမ်နီး​ချင်း​တွေက စုန်း​မလို့​ အ​ခေါ်ခံရတဲ့​ အသက် ၅၀ ရှိ အမျိုး​သမီး​တ​ယောက် အ​ကြောင်း​ သတင်း​ထောက် Jasvinder Sehgal ကသတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော်က ဘာသာပြန်ပြီး​ ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up