မန္တလေးမြို့အနီး မြေငလျင်လှုပ်
DVB
·
February 8, 2017
မန္တလေးမြို့အနီးမှာ ဒီကနေ့မနက် အစောပိုင်းက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မြန်မာစံတော်ချိန် ၄ နာရီ ၅၇ မိနစ် ၁၉ စက္ကန့်အချိန်မှာ မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၈ မိုင်ခန့်အကွာ မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၂ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်သွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။